Main menu

မြင်းခြံမြို့၏ရာသီပေါ်ကျွဲခေါင်းသီးဈေးနှုန်း

Powered by Drupal

   မြင်းခြံမြို့ရှိ အေးမြသီတာဈေး၌  ရာသီပေါ်သီးနှံမျိုးစုံရောင်းဝယ်လျက်ရှိရာ ကျွဲခေါင်းသီးများကို လည်း ရောင်းဝယ်လျက်ရှိကြောင်းသိရှိရသည်။ ကျွဲခေါင်းသီးများကို တောင်ငူမြို့နှင့် ပခုက္ကူမြို့တို့မှ မှာယူရောင်းချကြောင်း၊  ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ကျွဲခေါင်းသီးအစိမ်း တစ်ပြည်လျှင် (၄၅၀၀-၅၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊   ကျွဲခေါင်သီးပင်သည် ရေတွင်ပေါလောပေါ်နေသော အပင်ငယ်တစ်မျိုးဖြစ်ပြီး၊ အသီးတွင် အဖုများထွက်နေ၍ ကျွဲခေါင်းပုံနှင့်တူကြောင်း၊ အခွံသည် အစိမ်းပုပ်ရောင်ရှိ၍ အတွင်းသားမှာ အဖြူရောင်ရှိကြောင်း၊ အာဟာရတန်ဖိုး အနေဖြင့်အမျှင် ဓာတ်များကြွယ်ဝပြီး အစာခြေစနစ် ကိုအထောက်အကူပြုပြီး ဝမ်းမှန်စေကြောင်း၊ အရိုးပွရောဂါနှင့် အရိုးအားနည်းရောဂါများကို အားဖြည့်ပေးကြောင်းသိရှိရသည်။

DOCA(မန္တလေး)