Main menu

ပခုက္ကူမြို့မဈေး၌ အရောင်းအဝယ်သွက်နေသော မုန့်ဖတ်ခြောက်ထုပ် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ အခြေခံစားသောက်ကုန်များ ရောင်းချ လျက်ရှိသော အရောင်းဆိုင်များတွင် နေ့စဉ် မုန့်ဖတ်ခြောက်ထုပ်များလည်း အရောင်းအဝယ်သွက် လျက်ရှိသည်။ မုန့်ဖတ်ကို ဆန် ဖြင့်ပြုလုပ်၍ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ မုန့်ဖတ်ခြောက်ထုတ်လုပ်သည့်စက်ရုံမှ မှာယူတင်သွင်း၍ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် ကြောင်း၊ စားသုံးသူများအတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ကျန်းမာရေးနှင့်ညီညွှတ်၍ ဈေးနှုန်း သင့်တင့် မျှတစွာဖြင့် အလွယ်တကူ ဝယ်ယူမှုရရှိခြင်းကြောင့် စားသုံးသူများအနေဖြင့် မုန့်ဖတ်သုတ်၊ မုန့်ဟင်းခါးအရည်ဖျော်ပြုလုပ်၍ မြန်မာ့ရိုးရာ အစားအစာအဖြစ် ရှေးယခင်နှစ်များ စွာကတည်းက စားသုံးမှု များကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် မုန့်ဖတ်ခြောက်ထုပ်များ ဈေးငြိမ်၍ အရောင်း အဝယ်ဖြစ်နေကြောင်း၊ “ရွှေပုဇွန်” မုန့်ဖတ်ခြောက် (၅၀)ထုပ်ပါ တစ်ပါကင်လျှင် ကျပ်(၇၅၀၀၀)၊ (၂၅) ကျပ်သား တစ်ထုပ်လျှင် ကျပ်(၁၆၀၀)၊ စက်ကျ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း၊ “ ဒုံးပျံ” ဆန်ခေါက်ဆွဲ (၅၀)ကျပ်သားထုပ် (၂၀)ပါ တစ်ပါကင်လျှင် ကျပ် (၆၀၀၀၀)၊ (၅၀)ကျပ်သား တစ်ထုပ်လျှင် ကျပ်(၃၀၀၀)၊ စက်ကျ တစ်ပိဿာလျှင် ကျပ်(၃၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်သွက်နေကြောင်း၊ ယခု ကထိန်ရာသီချိန် ဖြစ်၍ အရောင်းအဝယ် သွက်နေပြီး မြိုင်၊ ရေစကြို၊ ယောနယ်ဒေသများမှလည်း ကုန်ကားများမှတဆင့် မှာယူပြီး ဝယ်ယူမှု များလျက်ရှိကြောင်း  မုန့်ဖတ်ခြောက်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)