Main menu

မြိတ်ခရိုင်အတွင်း ပွင်းလင်းရာသီအထိ မိုးဆက်တိုက်ရွာသွန်းနေသဖြင့် ကွမ်းသီးခြောက်လုပ်ချိန် နောက်ကျနေ

Powered by Drupal

     ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီ စတင်ရောက်ရှိလာပြီးဖြစ်သော် လည်း မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် ကွမ်းသီးခြောက်လုပ်သူများ လုပ်ငန်းခွင်ဝင်ရန်နောက်ကျနေကြောင်း၊ သီတင်းကျွတ်လတွင် ကွမ်းသီးအမှည့်ဆွတ်ခူးပြီး အခြောက် လုပ်၍ နေလှန်းကြလေ့ရှိသော်လည်း လက်ရှိတွင် မိုးရွာသွန်းနေသဖြင့် ကွမ်းသီးမှည့်မခူးရသေး ကြောင်း “ကွမ်းသီးအမှည့်တွေက ကြိုခူးထားရင် မိုးကလည်းနိုဝင်ဘာလအထိ ရွာချင်ရွာနေမှာ အဲဒီ အခါ ကွမ်းသီးအမှည့်တွေက အပင်ပေါက်ကုန်မှာ” အခုတောင်မှ အပင်အောက်ကြွေကျတဲ့ အသီးတွေ ဆို ကွမ်းပင်ပေါက်ဖြစ်နေပြီလို့ ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်များရှိ ကွမ်းသီးစိုက်တောင်သူများထံမှ သိရှိရပါသည်။

     ကွမ်းသီးအမှည့်ကို ခူးဆွတ်ပြီးအခြောက်လုပ်ရန်အတွက်နေလှမ်းပါက ရက်(၃၀)မှ (၄၅)ရက် အထိ ကြာမြင့်ကြောင်း ကွမ်းသီးနုခူးပြီးနောက် ကွမ်းပင်တွင်ကျန်ခဲ့သည့် လက်ကျန်ကွမ်းသီးအမှည့် များကို မခူးရသေးဘဲ နေပူမည့်ရက်ကိုစောင့်နေသဖြင့် ကွမ်းသီးခြောက်ထွက်ရှိမှုနောက်ကျကြောင်း ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်များမှ ထွက်ရှိသော ကွမ်းသီးခြောက်များကို မြိတ်မြို့ရှိ ကွမ်းသီးခြောက် အဝယ်ဒိုင်များသို့ ပေးပို့ရောင်းချပြီး မြိတ်မြို့မှ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့ တင်ပို့ရောင်းချ ကြောင်းနှင့် လက်ရှိ ကွမ်းသီးခြောက် (၁)ပိဿာလျှင် (၁၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)