
ပျဉ်းမပန်းပင်စိုထိုင်းသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ပျဉ်းမပန်းသည် နွေရာသီမှာ ပွင့်သောပန်းဖြစ်ပေမယ့် မန္တလေးဒေသတွင် မိုးရာသီအချိန်မှာလည်း ပွင့်လန်းနေကြပါသည်။ ပျဉ်းမပန်းကို ကြားသာကြားဖူးနေသည် လမ်းဘေးဝဲယာတွင် ပွင့်လန်းနေသော ပန်းခရမ်း ရောင်လေးများက ပျဉ်းမပန်းပွင့်မှန်း သတိမမူမိခဲ့ပေ။ ဆိုလိုသည်မှာ ဟိုတုန်းက ပျဉ်းမပင်ကို ရှားရှားပါးပါး မြင်ဖူးကြပေမယ့် ယခုအခါ စိုက်ပျိုးသူများပြားလာမှုကြောင့် နေရာတိုင်းလိုလိုမှာ မြင်တွေ့နိုင်နေပြီ ဖြစ်ပါသည်။ ပျဉ်းမပင်၏ အမြစ်သည် သိပ်သည်းကျယ်ပြန့်သောကြောင့် ရေတိုက်စားမှုကို ထိန်းချုပ်နိုင်သည်။ တောတောင်များပြန်လည်စိမ်းလန်းစိုပြေရန်နှင့် မြစ်ကမ်းများ ရေတိုက်စားမှုမှ ကာကွယ်ရန် ပျဉ်းမပင်ကို စိုက်ပျိုးသင့်ပါသည်။ ပျဉ်းမပင်သည် အရိပ်ရပင် ပန်းအလှပင်လည်း ဖြစ်သည်။ ပျဉ်းမပန်းပွင့်သည် ပန်းရောင်၊ ခရမ်းရောင် အဆုပ်လိုက် အခိုင်လိုက် ပွင့်တတ်ပြီး ပန်းညှိုးခါနီးတွင် အဖြူရောင်ပြောင်းသွားလေ့ရှိသည်။ ပျဉ်းမပန်းသည် ကမ္ဘာ့အလှဆုံး အထူးခြားဆုံးပန်းများတွင် ပါဝင်သည်။ အပင်သက်တမ်း(၃)နှစ်တွင် ပန်းစပွင့်တတ်ပါသည်။ ပျဉ်းမပန်းကို နိုင်ငံအလိုက် အခေါ်အဝေါ် မျိုးစုံမတူညီကြဘဲ “Queens Flower” ဟု၍လည်း တင်စားခေါ်ဝေါ်ကြသည်။ ပျဉ်းမပင်ကို ထေရဝါဒ ဗုဒ္ဓအယူအဆအရ မြင့်မြတ်သော သစ်ပင်ဟု ဆိုကြသည်။ ပျဉ်းမရွက်ကို အခြောက်ခံ၍ ရေနွေးကြမ်းလုပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်တောက်ကို ဖယ်ရှားနိုင်ပြီး အသည်းကျန်းမာနိုင်သည်ဟု လေ့လာသိရှိရသည်။ ဆေးဖက်လည်းဝင် အရိပ်လည်းရပန်းလည်းလှသည့် ပျဉ်းမပင် တစ်ပင်လျှင် (၈၀၀၀/၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။
DOCA(မန္တလေး)
