
ဆေးနည်းပေါင်းစုံ ကျန်းမာရေးဗဟုသုတ ဖော်ပြချက်သီရှိရခြင်းဖြစ်ပါသည်။ သစ်ပင်လိမ္မာ ကျွမ်းကျင် ပညာရှင်၏ အဆိုရ မအိုမနာမသေချင်လျှင် မအိုမနာမသေသော ဆေးပင်ကို သုံးစွဲရမည်ဟု ဆိုသည်။ ယင်းဆေးပင်များမှာ အုန်းနှဲ့ပင်၊ ငုပင်နှင့် ဆင်တုံးမနွယ်ပင်တို့ဖြစ်သည်။အုန်းနှဲ့ပင်၏ အခေါက်ကို နေလှန်းအတုံး ကလေးများတုံး၍ ကွမ်းယာ၊ဆေးလိပ်တို့တွင်ထည့်သုံးကြသည်ကို ငယ်ငယ်ကမြင်ဖူးကြမည် သည့်ကြမည်ထင်ပါသည်။ ရှေးလူကြီးများအဆိုအရ အုန်းနှဲ့ပင်ရှိရာ အနီးအနားတွင် ရေတွင်းတူက ရေချိုထွက်သည်ဟူ၍ ဆုံးမကြားဖူးနားဝရှိခဲ့ဖူးပါသည်။ အုန်းနှဲ့ပင်သည် (၁၂)ရာသီလုံးရင့်ရော် အိုမင်းအရွက်ကြွေခြင်းမရှိသည့် အပင်မျိုးဖြစ်သည်။ ထိုကြောင့် အုန်းနှဲ့ပင်ကို မအိုသောအပင်ဟုခေါ်သည်။ ငုပင်သည် မနာသောအပင်ဖြစ်သည်။ငုပင်၏ အခေါက်ကိုခွာယူလျှင် ၎င်းငုပင်သည်နွမ်းခြင်းပရှိပေ။အပူညှင်းလေအား ရှိလေဖြစ်ကာ လန်းဆန်းစိုပြေသော သတ္တိရှိသည်။ ငုပင်က နာအောင်ညှင်းလေ မနာလေအပင်ဖြစ်သည်။ မသေသောအပင်က ဆင်တုံးမနွယ်ပင်ဖြစ် သည်။ မြေ၊ရေ မထိတွေ့ရေစေပကမူ သေသည်ဟူ၍ မရှိချေ။ အဖြူ၊အဝါ၊အနက် သုံးမျိုးတွင် အနက်မျိုးသည် အကောင်းဆုံးဖြစ်သည်။အစွမ်းသတ္တိကောင်းဆေးပင် (၃) မျိုးအညီအမျှစီယူ၍ ပျားရည်စစ်စစ်နှင့်တေပြီး စားအကျိုးများသည့်ဟုဆိုကြသည်။ ချွဲကြပ်ခြင်း၊ မောဟိုက်ခြင်း၊ လေဖြတ်ခြင်း၊ ထုံခြင်း၊ ကိုယ်တပိုင်းတခြင်းသေခြင်း၊ ဆီးရှိလျှက်ဆီမဆင်းခြင်း၊ ဓါတ်ချုပ်စမြင်းခံခြင်း၊ လေငန်းအမျိုးမျိုးတို့အတွက် ပျောက်ကင်းစေပြီးကျန်းမာ အသက်ရှည်သည်ဟု လေ့လာသိရှိရသည်။၎င်းဆေးတွင်နနွင်းခါးစစ်စစ်ထပ်မံရောစပ်ကဆီချိုးရောဂါနှင့် ကျောက်ကပ်အားမရှိ၍ သွေးအညစ်အကြေးများပြီး ပွေးကွက်ယား ကွက်ထွက်သူ ဝေဒနာရှင် များလည် သက်သာပျောက်ကင်းနိုင်ကြောင်းလဲသိရှိရသည်။
DOCA(မန္တလေး)
