Main menu

“ တွံတေးမြို့နယ် ကျွန်းတောတိုးချဲ့ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျွန်းတောတိုးချဲ့ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးပွဲကို နိုဝင်ဘာလ(၁၃)ရက်နေ့၊ နေ့လယ်(၁၁:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ကျွန်းတောတိုးချဲ့ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး စသည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူစားသောက်သုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်သုံးစွဲကြရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)