Main menu

နိုဝင်ဘာလပထမပတ်ရှိ မြေပဲစျေး

Powered by Drupal

            စျေးကွက်အတွင်းမြေပဲစျေးမှာပြောင်းလဲမှုအနည်းငယ်သာရှိပြီး၊ယခင်နှစ်စျေးနှင့်နှိုင်းယှဉ်ပါက စျေးနှင့်နှိုင်းယှဉ်ပါက ယခုနှစ်စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။ မြေပဲမှာ စားသုံးဆီကြိတ် ခွဲခြင်းလုပ်ငန်းများနှင့်စားသောက်ကုန်တို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက် နှင့် ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက်နှုန်း ၄၆.၇၇ တင်း၊ အထွက် စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာ ကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပေါက် စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၈၂၀၀ ကျပ်နှင့် ၈၄၅၀ကျပ်၊S1 ဆီဆန်  ၇၅၀၀ ကျပ် နှင့် ၇၇၅၀ကျပ်၊ S1 ရွေးဆန် ၈၀၀၀ကျပ်၊Mတွဲဆီဆန် ၇၅၀၀ ကျပ်နှင့် ၇၇၀၀ကျပ်၊Mတွဲလုံးဆန် ၈၀၀၀ ကျပ်၊အနီလုံးဆန် ၈၀၀၀ ကျပ်နှင့် ၈၄၀၀ကျပ်၊ အနီဆီဆန် ၇၅၀၀ ကျပ်နှင့် ၇၆၀၀ ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ S1 လုံးဆန် ၇၈၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊ S1 လုံးဆန်(မြင်းမူ)၈၂၀၀ ကျပ်နှင့် ၈၄၀၀ကျပ်၊ S1 ဆီဆန် ၇၂၀၀ကျပ်နှင့် ၇၆၀၀ ကျပ်၊ S1 ရွေးဆန် ၇၅၀၀ကျပ်နှင့်၇၇၀၀ကျပ်၊အနီလုံးဆန် ၇၅၀၀ ကျပ် နှင့်၇၇၀၀ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)