Main menu

နိုဝင်ဘာလပထမပတ်ရှိနှမ်းစျေးကွက်

Powered by Drupal

        ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့်ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးမှု ၉၂၃၁၅၃ ဧက၊ရိတ်သိမ်းမှု ၈၉၈၀၅၂ ဧက၊ အထွက် နှုန်း ၅.၁၉ တင်းနှင့် အထွက်စုစုပေါင်း ၄၆၆၁၉၈၈ တင်းဖြစ်ကြောင်း သိရပါသည်။မန္တလေးပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း နှမ်းအမျိုး အစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၂၉၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊နှမ်းညို ၂၆၇၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်) ၆၄၄၄ကျပ်နှင့် ၆၆၆၇ ကျပ်၊ နှမ်းညို ၅၉၃၃ကျပ် စျေးတို့ဖြစ်ပေါ် လျက်ရှိ ကြောင်းသိရပါသည်။ ယခင် နှစ်ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၉၃၃၃ကျပ်နှင့် ၉၄၄၄ကျပ်၊ နှမ်းဖြူ (ဗမာ) ၈၁၁၁ ကျပ်နှင့် ၈၄၄၄ ကျပ်၊နှမ်းညို ၆၈၄၄ကျပ်နှင့် ၆၈၈၉ကျပ်၊နှမ်းနီ ၇၄၄၄ ကျပ် ၇၅၅၆ ကျပ်တို့ ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)