Main menu

 ခါကြက်ဥ(ခေါ်)မုန်လာဥနီဈေးအနည်းငယ်မြင့်တက်

Powered by Drupal

         ဆောင်းဦးရာသီအတွင်း ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်သည့် ခါကြက်ဥ(ခေါ်)မုန်လာဥနီ ကုန်စိမ်းများ မန္တလေးစျေးကွက်သို့ ဝင်ရောက်မှုအနည်းငယ်လျော့ကျပြီး၊ စျေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း တွေ့ရသော ခါကြက်ဥ (ခေါ်) မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုးမုန်လာဥနီနှင့်ထိုင်ဝမ်မျိုးမုန်လာ ဥနီအမျိုး အစား(၂)မျိုးရှိပြီး တစ်နှစ်ပတ်လုံး ဝင်ရောက် သည့်ကုန်စိမ်း  အမယ်တစ်မျိုးဖြစ်ပါသည်။ မန္တလေးမြို့၊ ၄၁လမ်းဈေးနှင့် သီရိမာလာစျေးတို့တွင်  ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်ဈေး မှာ တစ်ပိဿာလျှင် လက္ကားဈေးမုံလာဥနီ(ဒေသမျိုး) ၂၀၀၀ကျပ်နှင့် ၂၅၀၀ကျပ်၊ မုံလာဥနီ ထိုင်ဝမ် မျိုး ၈၀၀၀ ကျပ် နှင့် ၈၈၀၀ ကျပ်၊ လက်လီဈေးနေဖြင့် မုန်လာဥနီ ဒေသမျိုး ၂၇၀၀ကျပ်နှင့် ၃၀၀၀ ကျပ်၊ မုန်လာဥနီထိုင်ဝမ်မျိုး ၉၀၀၀ကျပ်နှင့် ၁၀၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အောက်တို ဘာလနောက်ဆုံးပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၃၀၀ ကျပ်ခန့်မြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)