Main menu

တန်ဆောင်မုန်းလရှိတောင်ပို့မှိုစျေး

Powered by Drupal

            မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်မှ  ထွက်တောင်ပို့မှိုများ ဝင်ရောက်မှုများပြားပြီး၊ တန်ဆောင်မုန်းလအတွင်း  ရာသီစာတောင်ပို့မှိုများအရောင်းသွက်လျှက်ရှိ ကြောင်း သိရပါသည်။ မန္တလေး စျေးကွက်အတွင်း ဆောင်းရာသီဝင်စအချိန်တွင် ရရှိသည့် ပြင်ဦးလွင် ဒေသ ထွက်တောင်ပို့မှိုများ၊ ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊အပ်မှို၊မှိုကြက်တောင်၊ရှီတာကီမှို၊ဝါးမှိုများ  တွေ့ ရှိရပါသည်။  မန္တလေး စျေးကွက်အတွင်း   သဘာဝအတိုင်းထွက်သည့်မှိုနှင့် စိုက်ပျိုးသည့်မှို  နှစ်မျိုး တို့တွေ့ ရှိရပါသည်။ ၂၀၂၅ ခုနှစ်  နိုဝင်ဘာလပထမပတ်အတွင်း   မှိုအမျိုးအစား အလိုက်ဖြစ် ပေါ်ခဲ့ သည့် တစ် ပိဿာပေါက်စျေးများမှာတောင်ပို့မှိုလက္ကားစျေး ၃၀၀၀ဝိ/-နှင့်၃၅၀၀ဝိ/-၊ လက်လီစျေး ၄၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-၊  ငွေနှင်း မှုံမှိုလက္ကားစျေး  ၇၀၀ဝိ/-နှင့် ၈၀၀ဝိ/-၊ လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊ ကောက်ရိုးမှိုလက္ကားစျေး   ၉၅၀ဝိ/-လက်လီစျေး ၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝိ/- ၊   အပ်မှိုထုတ် (အထုတ်သေး ၁၀ ခုပါ)လက္ကားစျေး ၃၀၀၀ဝိ/- နှင့် လက်လီစျေးအထုတ်(သေး)၃၅၀၀ဝိ/စျေးတို့ဖြင့် ရောင်းချလျှက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)