Main menu

တန်ဆောင်းမုန်းလရှိ ဇီးဖြူသီးစျေး

Powered by Drupal

          မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ မှထွက်သည့်ဇီးဖြူသီးများတန်ဆောင်းမုန်းလအတွင်း ဝင်ရောက်မှုများပြားလျက်ရှိပြီး၊  အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅  ခုနှစ်  နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ  ဇီးဖြူသီး ၁၀လုံးလျှင်အလုံး(ကြီး)၁၄၀၀ကျပ်နှင့် ၁၅၀၀ကျပ်၊အလုံး(လတ်) ၁၀၀၀ကျပ်နှင့် ၁၃၀၀ကျပ်၊ အလုံး (သေး)၈၀၀ကျပ်နှင့် ၉၀၀ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာ ခြားမှုရှိကြောင်း သိရှိရပါသည်။ ဇီးဖြူသီးမှာအချဉ်သုတ်၍ ရောင်းချသူများမှ သုံးစွဲမှုများပြားသည့် အတွက်အရောင်းသွက်လျက်ရှိကြောင်း မန္တလေးစျေးချိုတော်ရှိ ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)