Main menu

မျက်နှာကြီးပင်

Powered by Drupal

       မယားကြီးပင်ကို မုရားကြီးပင်(သို့မဟုတ်) မျက်နှာကြီးပင် ဟုခေါ်ဆိုကြသည်။ အလေ့ကျ ပေါက် အမြဲစိမ်းချုံနွယ်ပင် အမျိုးအစားဖြစ်သည်။ ယခင်က နေရာဒေသတော်တော် များများတွင် တွေ့ရှိနိုင်ပေမဲ့ ယခုအခါ ရှမ်းပြည်နယ်နှင့်ပြင်ဦးလွင် ဒေသများတွင် သာ စိုက်ပျိုးလေ့ရှိကြသည်။ ငယ်ငယ်က မိမိတို့အိမ်တွင် မယားကြီးပင်ကို မျက်နှာကြီးပင်ဟု ခေါ်ဆိုကြသည်။ ၎င်းမျက်နှာကြီး ပန်းပွင့်ကလေးများကို ခူးကာ အပွင့်၏ အညှာကို ခုပ်၍ ပျားရည်သဖွယ် ချိုမြိန်သော အရသာ ရှိပါသည်။ ၎င်းမယားကြီးပင်သည်အစိမ်းရောင်လှံစွပ်ပုံ အရွက်များရှိသည်။ ၎င်းအရွက်များကြားမှ ပန်းခိုင်များထွက်၍ပွင့်တက်ပါသည်။ အပွင့်အဖြူနှင့် အနီ နှစ်မျိုးရှိသည်။ သီတင်းကျွတ် နှင့် တန်ဆောင်မုန်းလများတွင် ပန်းပွင့်ပါသည်။ မြန်မာဆေးကျမ်းများအရမယားကြီးရွက်သည် ဖန်၊ခါး၊အေးသောအရသာရှိ၍လေကိုပွားစေသည်။မယားကြီးရွက်ကို(၃)ခွက်(၁)ခွက်တင်ကျိုသောက်က ဆီးအောင့်ရောဂါ၊ သွေးအန်သွေးကျရောဂါ ပျောက်၏။ ဝမ်းကိုက်ရောဂါကိုလည်း ပျောက်၏။ သွေးဝမ်း၊ ဒူလာ၊ မီးယပ် သွေးကျန်ရောဂါများ ပျောက်ကင်းနိုင်၏။ မယားကြီးအမြစ်ကို ပိုးမွှား သတ်ဆေးအဖြစ် ဖော်စပ်အသုံးပြုကြကြောင်း လေ့လာသိရှိရသည်။ မယားကြီးပင်သည် ဆေးဖက်လည်းဝင် ပန်းလည်းလှ အရိပ်လည်းရ၍ရှေးလူကြီးများကမိမိတို့ အိမ်ခြံဝင်းများတွင် အမြတ် တနိုးစိုက်ပျိုးလေ့ရှိကြသည်။ ယခုအခြားသောပန်းအလှပင်များ စုံလင်စွာပေါ်ထွက်စိုက်ပျိုးကြ၍ မယားကြီးပင်ကို စိုက်ပျိုးသူနည်းပါးလှသည်။ နောင်လာနောင်သားများဆေးဖက်ဝင်အပင်ကို သိရှိစေရန်အတွက်ဆက်လက်စိုက်ပျိုးသင့်ပေသည်။ မယားကြီးရွက်သည်အဆုတ်ကင်ဆာသမားများအတွက် အထူးကောင်းမွန်သော  ဆေးပင်ပန်းပင်ဖြစ် ကြောင်းလေ့လာသိရှိရသည်။

DOCA (မန္တလေး)