Main menu

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့်အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီ ဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ (၁၁.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၅၀)နာရီအချိန်တွင် စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင်  ခရိုင်ဦးစီးမှူး ဦးလှစိုးက ဖြန့်ဖြူးသည့်ကုမ္ပဏီ၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃)စုအား မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး Lwin Maung Maung Co.,Ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)