
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရွာရှိ စံပြ နေကြာ(၂၅)ဧက စိုက်ပျိုးမည့်နေရာသို့ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ နိုဝင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးညွှန့်နွယ်နှင့် ဝန်ထမ်းများ၊ ကော့မှူးမြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ဆောင်းသီးနှံများဖြစ်သည့် နေကြာဆီထွက်သီးနှံများ၊ နွေစပါး၊ ပဲမျိုးစုံနှင့် မီးဖိုချောင်သုံးသီးနှံများ အချိန်မီ နည်းလမ်းတကျစိုက်ပျိုးရေးနှင့် လျာထားချက်ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များအား ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရွာရှိ၊ စံပြနေကြာ(၂၅)ဧက စိုက်ပျိုးသည့် နေရာသို့ မြေပြင်ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး စံပြနေကြာစိုက်ပျိုးမည့် တောင်သူများအား လိုအပ်သည်များကို ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
