
ဗီယက်နမ်သည် အောက်တိုဘာလတွင် လက်ဖက်တန်ချိန် ၁၂၀၀၀ တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀.၉ သန်းရရှိခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဌာနက ဖော်ပြခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင် နိုင်ငံသည် လက်ဖက်တန်ချိန် ၁၀၉၀၀၀ တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော်ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့် နှိုင်းယှဉ်ပါက တင်ပို့သည့်ပမာဏတွင် ၁၀.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကာ တန်ဖိုးတွင် ၁၁.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာမသေချာ မရေရာမှုများရှိနေသော် လည်း အဓိက ဈေးကွက်များသို့တင်ပို့မှုမှာ အပေါင်းလက္ခဏာဆောင်ခဲ့ကြောင်း သိရပါသည်။ ပါကစ္စတန်၊ တရုတ် တိုင်ပေနှင့် တရုတ်တို့သည် ဗီယက်နမ်၏ထိပ်တန်း လက်ဖက်တင်သွင်းသူ များဖြစ်ပြီး စုစုပေါင်း တင်ပို့မှု၏ ၄၁.၂ ရာခိုင်နှုန်း၊ ၁၁.၅ ရာခိုင်နှုန်းနှင့် ၉.၂ ရာခိုင်နှုန်း အသီးသီး ရှိကြောင်း သိရပါသည်။ ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်လျှင် ၁၇၂၃ အမေရိကန်ဒေါ်လာ ရှိပြီး ၂၀၂၄ ခုနှစ်တူညီ သည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါ သည်။ သို့သော်လက်ဖက် လုပ်ငန်းကဏ္ဍသည် အထွက်နှုန်းကိုအလွန်အာရုံစိုက်မှု၊ ဓာတုဓာတ် မြဩဇာများနှင့်ပိုးသတ်ဆေး များကိုမီခိုနေရမှုတို့ကြောင့် မြေဆီလွှာပျက်စီးခြင်း၊ လက်ဖက် အရည်အသွေးနှင့် အပင်သက်တမ်း လျှော့ကျခြင်းနှင့် လုပ်သားများ၏ကျန်းမာရေး ကို သက် ရောက်ခြင်းစသည့် အဓိကစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ထုတ်လုပ်မှုနှင့် တန်ဖိုး တိုးတက်ရန်ကြိုးပမ်းမှုအနေဖြင့် လက်ဖက်ထုတ်လုပ်သူများသည် ထုတ်ကုန်ကွဲပြားရန်၊ ပြုပြင်ထုတ်လုပ်ခြင်းတွင်ရင်းနှီးမြှုပ်နှံရန် နှင့် သဘာဝမြေဩဇာနှင့် စိုက်ပျိုးမှုသို့အသွင်ကူးပြောင်း ရန်တိုက်တွန်းခြင်းခံရကြောင်း သိရပါသည်။ ထိုအသွင်ကူးပြောင်းမှုသည် ပို့ကုန်တန်ဖိုးမြှင့်တင် ရန်၊ အရည်အသွေးမြင့်ဗီယက်နမ် လက်ဖက်အမှတ်တံဆိပ်တည်ဆောက်ရန်နှင့် လက်ဖက်စိုက် ပျိုးသူများ၏ လူမှုဘဝစဉ်ဆက်မပြတ် မြှင့်တင်ရန် အလွန်အရေးပါကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
