
မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ဂေါင်းကွဲ၊ အနိမ့်၊ တလုပ်ရွာနှင့် နဘူးအိုင် ကျေးရွာများတွင် ကျောက်ဖရုံသီးပင်များကို စီးပွားဖြစ်စိုက်ပျိုးထားရှိကြောင်းသိရှိရသည်။ ဒေသမျိုး ဖြစ်သော အလုံးလတ်(၁-၂)ပေမျိုးကို စင်တင်စိုက်ပျိုးထားကြောင်း၊ စင်တင်စိုက်ပျိုးရာတွင် အလျား(၃) ပေ၊ အနံ(၁)ပေဘောင်ဆွဲ၍ တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုး၍ စိုက်ဘောင်ကြီးလေ ပိုကောင်းလေ ဖြစ်ပါကြောင်း၊ စိုက်ပျိုးချိန်မှ ရက်(၁၀၀)ကျော်လျှင် အသီးများစတင် ခူးဆွတ်နိုင်ကြောင်း၊ စိုက်ခင်းမှ ထွက်ရှိသော ကျောက်ဖရုံသီးများကို တောင်သူများကိုယ်တိုင် အေးမြသီတာဈေးသို့ လာရောက်ရောင်းချ ကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ကျောက်ဖရုံသီးတစ်လုံးလျှင်(၁၅၀၀-၃၀၀၀)ကျပ် ပေါက်ဈေးများ ရှိကြောင်း၊ အလုံးအကြီး၊ အသေးနှင့်အရွယ် အစားပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားကြောင်း၊ နေ့စဉ် ကျောက်ဖရုံသီး အလုံးရေ (၃၀-၄၀) လုံးခန့်ရောင်းချရကြောင်း၊ တင်ပို့မှုအနေဖြင့် ဒေသတွင်း စားသုံးရန်နှင့် ရန်ကုန်မြို့၊ အင်းစိန်မြို့သို့တင်ပို့ကြောင်း၊ စိုက်ပျိုးစရိတ် သက်သာပြီး ဝင်ငွေရသောကြောင့် တောင်သူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးထား ရှိကြောင်းနှင့် ကျောက်ဖရုံသီး မျိုးစေ့ကို အလုံးလိုက် သဘာဝအတိုင်း သိုလှောင်ခြင်းဖြင့် အပင်ပေါက်ရာခိုင်နှုန်း ပိုမိုကောင်းမွန်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။
DOCA (မန္တလေး)
