Main menu

ကန့်ဘလူမြို့နယ်၏ သံပုရာသီး၊ သံပုယိုသီးနှင့် ပဲတောင့်ရှည်သီးဈေးနှုန်းများ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သံပုရာသီးနှင့် သံပုယိုသီး နှင့်ပဲတောင့်ရှည်များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရ ပါသည်။ သံပုရာသီးများအား ဖျော်ရည်၊ သံပုရာချဉ်ဖက်၊ အသုပ်မျိုးစုံနှင့် သရေစာတို့တွင် ထည့်သွင်း စားသုံးခြင်း သာမက သံပုယိုသီးများကိုလည်း ကျန်းမာရေးအတွက် ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသဖြင့် သုံးစွဲမှုများသည့် သီးနှံများဖြစ်ကြောင်း၊ ပဲတောင့်ရှည်သီးများကိုလည်းကြော်စား၊ ချက်စားအမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီးဈေးနှုန်းများမှာ သံပုရာသီး(အကြီး)(၁)လုံးလျှင် (၁၀၀)ကျပ်၊ သံပုရာသီး(အသေး)(၁)လုံးလျှင် (၅၀)ကျပ်ဖြင့်လည်း ကောင်း၊ သံပုယိုသီး(အကြီး)(၁)လုံးလျှင်(၂၀၀)ကျပ်နှင့် (အသေး)(၁)လုံးလျှင်(၁၀၀)ကျပ်၊ ပဲတောင့် ရှည်သီးဈေးနှုန်းမှာ ပဲတောင့်ရှည်သီး(၅)တောင့်ပါ (၁)စည်းလျှင်(၅၀၀)ကျပ်၊ (၁၀)စည်းပါ(၁)ထုံး လျှင်(၄၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)