Main menu

ရွှေပဲသီး၏ကျန်းမာရေးအသုံးဝင်ပုံ

Powered by Drupal

             ရွှေပဲသီးသည်အရသာချိုပြီး ကုန်းဘောင်ကြီးကြော်ခြင်း၊ အစိမ်းကြော်ခြင်းစသည့် ဟင်းလျာ များထဲတွင် ထည့်သွင်းချက်ပြုတ်ကြသည်။ ရွှေပဲသီးသည်စားလို့လည်းကောင်းသလို အာဟာရလည်း ပြည့်ဝပါသည်။ ရွှေပဲသီးတွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင်ကေနှင့် သတ္ထုဓာတ်များစွာပါဝင်ပါသည်။ အမျှင်ဓာတ်မြင့်မားစွာပါဝင်သောကြောင့် အစာခြေစနစ်ကို ကူညီ ပေးနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ အစာခြေလွယ်ပြီးဝိတ်ထိန်းနိုင်ခြင်း၊ ကယ်လ်လိုရီနည်းပါးစွာပါဝင်သောကြောင့် ဝိတ်မတက်စေဘဲ နှလုံး၊ သွေးတိုး၊ ဆီးချိုစသည့် ကျန်းမာရေးဆိုးကျိုးများမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါသည်။ ရွှေပဲသီးတွင် အဆီပါဝင်ခြင်း မရှိဘဲဖောလိတ်ဓာတ်ပါဝင်ခြင်းကြောင့် နှလုံးနှင့်ပတ်သတ်သောရောဂါများ မဖြစ်အောင်ကာကွယ် ပေးနိုင်ခြင်း၊ ဗီတာမင်စီပါဝင်သောကြောင့် အအေးမိတုတ်ကွေးအပြင် ကူးစက်ရောဂါများမှလည်း ကာကွယ်ပေးနိုင်ခြင်း၊ ကင်ဆာရောဂါဖြစ်ပွားမှုကိုလျော့ကျစေခြင်း၊ အရိုးများကိုကျန်းမာစေခြင်း၊ ဗီတာမင်ကေနှင့် သံဓာတ်ပါဝင်သောကြောင့် သွေးအားနည်းခြင်းရောဂါများမှ ကာကွယ်ပေးနိုင် ကြောင်းဆေးပညာ စာပေများမှ လေ့လာသိရှိရပြီး မြင်းခြံမြို့အေးမြသီတာဈေးတွင် ရွှေပဲသီးဈေးနှုန်း မှာ(၂၅)ကျပ်လျှင်(၂၀၀၀) ကျပ်နှင့် တစ်ပိဿာလျှင် (၇၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)