
ငှက်ပျောဖူးသည် ကျန်းမာရေးအကျိုးများပြီး အရသာရှိသော်လည်း အများကြီးစားသုံးပါက လေချုပ်ခြင်း၊ ဗိုက်အောင့်ခြင်းများ ဖြစ်နိုင်ပါသည်။ ငှက်ပျောဖူးတွင် ethanol ပါဝင်သောကြောင့် ဘတ်တီးရီးယားပေါက်ဖွားခြင်းမျိုးမဖြစ်အောင်ကာကွယ်ပေးပါသည်။ အနာကျက်မြန်စေနိုင်သလို ကူးစက်တတ်သောရောဂါများမှလည်း ကာကွယ်ပေးပါသည်။ ငှက်ပျောဖူးသည် သွေးတွင်းသကြား ဓာတ်ကိုထိန်းညှိပေးနိုင်သောကြောင့် ဆီးချိုရှိသူများအနေဖြင့် စားသုံးပေးနိုင်ပါသည်။ ငှက်ပျောဖူး ၏အကျိုးကျေးဇူးတစ်ရပ်မှာ ဟီမိုဂလိုဘင်ပမာဏကိုမြင့်တက်စေသောကြောင့် သွေးနီဉဆဲလ် ထုတ်လုပ်မှုကိုတိုးစေပါသည်။ သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။ ငှက်ပျောဖူးစားသုံးပေးခြင်းဖြင့် နို့တိုက်မိခင်များအနေဖြင့် နို့ထွက်များစေဖို့ထောက်ကူ ပေးခြင်း၊ ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်ခြင်း မဖြစ်အောင်ကာကွယ်ပေးခြင်း၊ သားအိမ်ကိုကျန်းမာစေ ခြင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့်ဝမ်းမှန်စေခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာ ပါဝင်သောကြောင့် ကင်ဆာအပါအဝင် နာတာရှည်ရောဂါများမဖြစ်အောင်ကာကွယ်ပေးခြင်း၊အရွယ်မတိုင်ခင်အိုမင်းခြင်းမဖြစ်အောင်ကာကွယ်ပေးခြင်း၊ကိုယ်အလေးချိန်ကျအောင်ထောက်ပံ့ပေးခြင်း၊ စိတ်ခံစားမှုကောင်းမွန်စေခြင်း၊အစာခြေစနစ်ကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာစေခြင်းနှင့် အာရုံ ကြေ စနစ်ကိုကောင်းမွန်စေခြင်းစသည့်ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါ သည်။
DOCA(မန္တလေး)
