Main menu

အညာဒေသမှထွက်ရှိသည့် မုန့်ဉီးနှောက် (ခေါ်)မုန့်အဆိမ့်ထုပ်ဈေးနှုန်း

Powered by Drupal

       ရွှေဘိုမြို့ရှိ ဈေးများတွင် အသား/ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ မုန့်မျိုးစုံများရောင်းချလျက်ရှိရာ အညာဒေသမှထွက်ရှိပြီး အညာမုန့်တစ်မျိုးဖြစ်သည့် မုန့်ဉီးနှောက် (ခေါ်)မုန့်အဆိမ့်များကို ရောင်းချလျက်ရှိရာ မုန့်ဉီးနှောက်မှာ လူမျိုးမရွေး/ဘာသာမရွေး စားသုံးနိုင် သည်ဖြစ်၍ မု့န်ဉီးနှောက်ကို လက်ဆောင်ပေး၍သော်လည်းကောင်း၊ ဘုန်းကြီးကျောင်းများတွင် လှူဒါန်းကြကြောင်း၊ မုန့်ဦးနှောက်ကို ငှက်ပျောဖက်တွင် ထည့်၍ ထုပ်ပြီး အထုပ်လေးများထုပ်ကာ ရောင်းချသဖြင့် မုန့်ဉီးနှောက်မှာ ဆိမ့်ဆိမ့်လေးနှင့်မွှေးပြီး အရဿာရှိသောကြောင့် စားသုံးသူများမှာ အများဆုံးဝယ်ယူကြကြောင်း၊ မုန့်ဦးနှောက်မှာ အချိုနှင့်အဆိမ့်ဟူ၍ (၂)မျိုးရှိကြောင်း၊ အချိုမှာ ထန်းလျှက်ထည့်၍ ပြုလုပ်ကြကြောင်း၊ မုန့်ဉီးနှောက်ကို ဆိုင်ကယ်ဖြင့်ရောင်းချသည့် ဈေးသည်များ မှလည်း ဝယ်ယူကြကြောင်း၊ မုန့်ဉီးနှောက် (၁)ထုပ်လျှင် (၂၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး (၂၀၀ဝိ/-)ဖိုးဝယ်ယူပါက (၁)ထုပ်အပိုပေးကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)