Main menu

  မြင်းခြံမြို့ အေးမြသီတာဈေးရှိ ရုံးပတီသီးဈေးနှုန်း

Powered by Drupal

         မြင်းခြံမြို့နယ် အေးမြသီတာဈေးသည် သီးနှံ၊ သားငါး၊ ငါးပိ၊ ငါးခြောက်၊ ကုန်မျိုးစုံရောင်းချသော ဈေးဖြစ်သည်နှင့်အညီ သီးနှံများကိုလည်း ဒေသတွင်း၊ မန္တလေး၊ ပြင်ဉီးလွင်၊ ပခုက္ကူ၊ ပုပ္ပား စသည့် နေရာဒေသစုံမှ ဝယ်ယူရောင်းချပါကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် နိုဝင်လဘာလ ပထမပတ်တွင် ရောင်းချနေသော ရုံးပတီသီးဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ် ၊(၁)ပိဿာလျှင် (၃၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ရုံးပတီသီးသည် ကျန်းမာရေးအနေဖြင့် ဆီးချိုကို ထိန်းညိှပေးခြင်း၊ ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း၊ သွေးအား နည်းရောဂါကို ကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း၊ ကိုလက်စရော(သွေးတွင်း အဆီဓာတ်) ကျစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်းနှင့် အမြင်အာရုံကောင်းစေကြောင်းလည်း သိရသည်။ ရုံးပတီသီးကို ကြက်ဥဖြင့် ကြော်ချက်၍လည်းကောင်း၊ ပုဇွန်ခြောက်ဖြင့်လည်းကောင်း ၊ ချဉ်ပေါင်ရွက်နှင့် အချဉ်ရည်ဟင်းချက်၍ လည်းကောင်း၊ အတို့အမြှပ်ပြုလုပ်၍လည်းကောင်း စသည်ဖြင့် ချက်ပြုတ်စားသောက်ကြသူများသောကြောင့် အရောင်းအဝယ်ကောင်းသော သီးနှံတစ်မျိုးဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)