
ဖျာပုံမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ ဆန်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့၊ မနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးကြီးရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်ဦးစီးမှူးမှ ဆန်များ သက်မှတ်ထားသည့်ဈေးနှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန်၊ ရည်ညွန်းဈေးအပေါ် သင့်တင့်မျှတစွာ တွက်ချက်ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်း ပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန်ကို ဆန်ကုန်သည်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရရှိပါသည်။
DOCA(ဧရာဝတီ)
