
ငါန်းဇွန်မြို့နယ်သည် ၂၀၂၄-၂၀၂၅ ခုနှစ် ဖူးစားပြောင်း(မိုး)လျာထားဧက( ၂၇၄၂)ဧက၊ စိုက်ပျိုး ဧက(၃၆၆၉)ဧက၊ အထွက်နှုန်း(၁၂၀၀၀)ဖူးနှင့် အထွက်ပေါင်း(၄၄၀၂၈၀၀၀)ဖူး ထွက်ရှိကြောင်းသိ ရသည်။ ဆောင်းဖူးစားပြောင်း လျာထားဧကမှာ(၂၆၂၇)ဧက၊ စိုက်ပျိုးဧကမှာ (၆၁၆၉) ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်း(၁၂၀၀၀)ဖူးနှင့် အထွက်နှုန်းပေါင်း (၇၄၀၂၈၀၀၀)ဖူး ထွက်ရှိကြောင်း သိရသည်။ စိုက်ပျိုး သောမျိုးမှာ ဒေသခေါ် သူတော်မျိုးကိုအများဆုံး စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစုနှင့် လုပ်သားခ အပါအဝင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၅) သိန်းကျပ်ဝန်းကျင်ခန့် ကုန်ကျပါကြောင်း၊ပေါ်စချိန်တွင် (၂၅၀/၃၀၀)ကျပ်ခန့် ဖောက်သည်ဈေးဖြင့် ရောင်းချရပါကြောင်း၊ မန္တလေးမြို့နှင့် ငါန်းဇွန်မြို့မဈေး သို့ ရောင်းချကြပါကြောင်း သိရှိရသည်။ ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ် ဖူးစားပြောင်း(မိုး) လျာထားဧက (၂၇၇၈)ဧကရှိပြီး၊ စိုက်ပျိုးဧက(၂၈၇၂)ဧကပြီး ရိတ်သိမ်းပြီးစီးမှုမှာ(၁၃၈)ဧကရှိပြီးတစ်ဧကလျှင်အထွက်နှုန်းမှာ(၁၂၀၀၀)ဖူးထွက်ရှိကြောင်း အထွက်စုစုပေါင်းမှာ(၁၆၅၆၀၀၀)ဖူး ဖြစ်ကြောင်းသိရသည်။ဖူးစားပြောင်းစိုက်ပျိုးခြင်းဖြင့် နွားစာအဖြစ် ပြောင်းရိုးများကိုလည်း ပြန်လည်ရောင်းချရသည့်အတွက် တွက်ခြေကိုက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ပြောင်းစိုက်တောင်သူတစ်ဦး၏ပြောပြချက်အရ သိရသည်။
DOCA (မန္တလေး)
