Main menu

မကွေးမြို့၏ စက်သုံးဆီစျေးနှုန်းအခြေအနေ

Powered by Drupal

         မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်း ဒေသကြီး/ ပြည်နယ်အလိုက် စက်သုံးဆီစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          မကွေးမြို့တွင် စက်သုံးဆီဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချနေပြီး ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယပတ်)တွင် (92) (၁)လီတာလျှင် ကျပ်(၂၇၃၀)၊ (95) (၁)လီတာလျှင် ကျပ် (၂၈၀၅)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ် (၂၆၃၀)၊ ပရီမီယံ (ဒီဇယ်) (၁)လီတာလျှင် ကျပ်(၃၁၆၅)ဖြင့် ရောင်းချလျက်ရှိရာ နိုဝင်ဘာလ (ပထမ ပတ်)နှင့်နှိုင်းယှဉ်ပါက (92) (၁)လီတာလျှင် ကျပ်(၉၅)၊ (95) (၁)လီတာလျှင် ကျပ်(၁၁၅) စျေးနှုန်း အနည်းငယ်ကျဆင်းပြီး  ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၅၅)၊ ပရီမီယံ (ဒီဇယ်) (၁)လီတာလျှင် ကျပ်(၅၅)စျေးနှုန်းအနည်းငယ်မြင့်တက်၍ စက်သုံးဆီများပြတ်လပ်မှုမရှိဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)