Main menu

ပွင့်ဖြူမြို့နယ်၌ ခရမ်းချဉ်စိုက်ပျိုးသူ တောင်သူများ ဝင်ငွေကောင်း၍ အဆင်ပြေလျက်ရှိ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပတ်ဝန်းကျင်ရှိ  ကျေးရွာများသည် မိရိုးဖလာ လယ်ယာ လုပ်ငန်းအပြင် ဥယျာဉ်ခြံမြေများတွင် သီးပင်စားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ စားသုံးမှုများ၍ ဈေးကွက်အခိုင်အမာရှိသော စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ခရမ်းချဉ်သီးကိုလည်း တစ်ပိုင်တစ်နိုင်  စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ခရမ်းချဉ်ပင်သည် စိုက်ပျိုးရာတွင် အောင်မြင် ဖြစ်ထွန်းလွယ်သောကြောင့် တောင်သူများအားထားစိုက်ပျိုးကြသော စားဖိုဆောင်သုံးသီးနှံတစ်မျိုး ဖြစ်ပြီး ပွင့်ဖြူမြို့နယ် ယောစု၊ ပိန္နဲတော၊ ဒေးဒရဲ၊ ညောင်ကုန်း၊ ရွာသာကုန်း၊ ပေါက်စု၊ ချွန်းစု၊ မုန်းနားစု စသော ကျေးရွာများရှိ တောင်သူများသည် ခရမ်းချဉ်မျိုးများကို စိုက်ခင်းတစ်ခင်းလျှင် အပင်ရေ (၁၀၀၀)ခန့်  တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ခရမ်းချဉ်ပင်သည် အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်း ကြောင်း၊ ပူလွန်းခြင်း၊ အေးလွန်းခြင်း စသည့်လွန်ကဲသောရာသီဥတု အခြေအနေမျိူးတွင် အပင်ကို သေစေနိုင်ကြောင်း၊ ခရမ်းချဉ်ပင်စိုက်ပျိုးရာတွင် မျိုးစေ့များကို အရင်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုဘောင်ဖော်၍ အတန်းလိုက်စိုက်ပျိုးကြကြောင်း၊ အပင်တစ်ပင်နှင့်တစ်ပင်ကြား ()တောင်ခန့် ခွာ၍ စိုက်ပျိုးကြပြီး မြေအောက်ရေဖြင့် ရေသွင်းစိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ်ပင်သည် ရေဝပ်ခြင်းကို မကြိုက်ဘဲ ရေဝပ်လျှင်အမြစ်များပုပ်၍ အပင်သေတက်ကြောင်း၊ မြေတောင်မြှောက်ပေးခြင်း၊ ဘောင် ဆယ်ခြင်းများပြုလုပ်ပေးရန်လိုအပ်ပြီး အသီးသီးချိန်တွင် အသီးအလေးချိန်ကြောင့် အပင်ယိုင်လဲမှုမဖြစ် စေရန် တိုင်ထောင်ပေးရကြောင်း၊ အပင်စိုက်ပျိုးချိန်မှ ()လခွဲခန့်အကြာတွင် ခရမ်းချဉ်သီးများစတင် ခူးဆွတ်နိုင်ပြီး ()ရက်လျှင်တစ်ကြိမ်ခန့် အလှည့်ကျခူးဆွတ်နိုင်ကြောင်း၊ ခရမ်းချဉ်စတင်ခူးဆွတ်ချိန် တွင် ပိဿာချိန်(၂၀၀)ခန့်ထွက်ရှိပြီး နောက်ပိုင်းအသီးအားကောင်း၍ အသီးလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ခါခူးဆွတ်လျှင် ပိဿာချိန်(၄၀၀)ခန့်အထိထွက်ရှိကြောင်း၊ အပင်တစ်ပင်လျှင် (-)ကြိမ်ခန့် ခူးဆွတ်နိုင်ကြောင်း၊ နိုဝင်ဘာလလယ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၃၀၀၀)ခန့်အထိ ဈေး ကောင်းရရှိကြောင်း သိရှိရပါသည်။ ခရမ်းချဉ်သီးများကို   အဝေးဈေးကွက်သို့ပို့ပါက ခရမ်းချဉ်သီး အစိမ်းရောင်မှအစိမ်းဖျော့၊  ထိုမှတစ်ဆင့် အဖြူရောင်များလာချိန်တွင် ခူးဆွတ်ကြကြောင်း၊ သို့မှသာ လမ်းခရီးတွင် အပျက်အစီးအဆုံးအရှုံးသက်သာကြောင်း၊ အနီးဝန်းကျင်ဈေးကွက်သို့ ပို့ဆောင်ရောင်းချ မည်ဆိုပါက အပင်ပေါ်တွင် ကောင်းစွာရင့်မှည့်သည်အထိ ထားရန်လိုအပ်ကြောင်း သိရှိရသည်။ ပွင့်ဖြူဒေသထွက်ခရမ်းချဉ်သီးများကို စလင်း၊ စကု၊ မင်းဘူး၊ မကွေးမြို့များသို့ တင်ပို့ရောင်းချပြီး ကုန်ကျစရိတ်နည်းပါး၍ အကျိုးအမြတ်များစွာရရှိသောကြောင့် ပွင့်ဖြူဒေသရှိ ခရမ်းချဉ်သီးစိုက်ပျိုးသူ တောင်သူများ ဝင်ငွေများစွာရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)