
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်ကြပြီး ဥစားကြက်၊ အသားတိုးကြက် မွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါသည်။
ထားဝယ်မြို့ပေါ်ရှိ ကြက်ဥအကြီး တစ်လုံးလျှင် (၄၅၀ ကျပ်မှ ၅၀၀(နှင့် ဥငယ်တစ်လုံးလျှင် (၃၅၀ ကျပ်မှ ၄၀၀)ကျပ်ထိ ရရှိကြောင်း ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ ကြက်ဥ အရောင်းဆိုင်များမှ စုံစမ်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
