Main menu

မြိတ်မြို့ပေါ်ရှိ ပျားလိမ္မော်ဈေးနှုန်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် သစ်သီးဝလံများကို စိုက်ပျိုးလျက်ရှိပြီး ဒေသ တွင်းစားသုံးရန်နှင့် အခြားဒေသများသို့တင်ပို့ရောင်းချရန် ဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်း စိုက်ပျိုးသီးနှံများမှ ပျားလိမ္မော်သည် မြိတ်ခရိုင်တွင် စိုက်ပျိုးနိုင်ခြင်းမရှိသည့်အတွက် ရန်ကုန်နှင့် တောင်ကြီးမြို့တို့မှ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။  ပျားလိမ္မော် အလုံးငယ်၍ အရသာကောင်း သောကြောင့် လူကြိုက်များ လျက်ရှိကြောင်း သိရှိရပါသည်။

     တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ သစ်သီးအရောင်းဆိုင်များ၌ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၁) ရက်နေ့တွင် ရောင်းချနေသောစျေးနှုန်းအရ ‌ ပျားလိမ္မော် (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)