Main menu

ညောင်တုန်းမြို့နယ်ထွက် စပါးထွက်ရှိမှုနှင့် အခြားဒေသတင်ပို့မှု အခြေအနေများကို တရားမဝင်တင်ပို့မှု ရှိ/မရှိ နယ်မြေကွင်းဆင်းစစ်ဆေး

Powered by Drupal

           မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းမှ ထွက်ရှိသည့် ‌စပါးအချို့ကို   ရေလမ်းကြောင်းမှ တစ်ဆင့် ဒေသခံတောင်သူ/ အရပ်ဒေသ ပွဲစားများမှ  စပါးသယ်သည့် ရေယာဉ်များအ‌နေဖြင့် မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ဆန်စက်များအား ပို့ဆောင်ကြိတ်ခွဲရောင်းချလျက်ရှိကြောင်း သိရှိရပြီး၊ စပါးသယ်ယူ ရေယာဉ်များအား ညောင်တုန်းမြို့နယ်၊ အရွှဲကျေးရွာအုပ်စု၊ အရွှဲကူးတို့ဆိပ်နှင့် ရွှေဝါဦး ဆန်စက်ကူးတို့ဆိပ်တို့တွင် တရားမဝင်လမ်းကြောင်းများမှ တဆင့် တင်ပို့မှု ရှိ/မရှိ အခြေအနေများကို ညောင်တုန်းမြို့နယ်ဆန်၊ စပါးကြီးကြပ်ရေး လုပ်ငန်းအဖွဲ့တို့မှ နယ်မြေအတွင်း ကွင်းဆင်းစစ်ဆေးခဲ့မှုကို နိုဝင်ဘာလ ၅ရက်နေ့ ၂၀၂၅ ရက်နေ့က ကွင်ဆင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ရာ ထူးခြားမှုမရှိပါကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)