Main menu

သစ်သီးဈေးကွက်၌ ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည့် စပျစ်သီး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ တယ်သီး၊ ပန်းသီး၊ လိမ္မော်သီးနှင့် ပန်းသီးများကို မြစ်ကြီးနားနှင့် မန္တလေးမြို့တို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့သစ်သီးဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း စပျစ်သီး အစေ့ပါ(၁)ပိဿာလျှင်(၃၂၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၆၀၀၀)ကျပ်၊ စပျစ်သီးအစေ့လွတ် (၁)ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ၊ယခုနိုဝင်ဘာလ ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း စပျစ်သီးအစေ့လွတ် (၁)ပိဿာလျှင် (၃၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)