Main menu

     “ကန်စွန်းပင်စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

        ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် မိသားစုစားဝတ်နေရေးအတွက် ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးကြပါသည်။စပါး၊ပဲ၊ပြောင်း၊ကြက်သွန်၊ငရုတ်သီးနှံများအပြင် ဆီထွက် သီးနှံများဖြစ်သော မြေပဲ၊နှမ်း‌၊နေကြာများကိုလည်းစိုက်ပျိုးကြပါသည်။၄င်းသီးနှံများအပြင် စီးပွားဖြစ် ဝင်ငွေတိုးသော ကန်စွန်းပင် ဟင်းသီးဟင်းရွက်ပင်များကိုလည်းစိုက်ပျိုးလာကြပါသည်။ ကန်စွန်း စိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ တိုက်ရိုက်အစေ့ချစနစ်ဖြင်စိုက်ပျိုးကြောင်း၊ ကန်စွန်းစိုက်ပျိုးရန် (၁)ဧကလျှင် မျိုးစေ့(၈-၁၀)ထုပ်အထိစိုက်ပျိုးရကြောင်း ၊ မျိုးထုပ်တစ်ထုပ်လျှင်(၂၅၀၀၀/-)ကျပ် ပေးဝယ်ရပြီး မျိုးစေ့ချအနည်းအများ နှင့် စိုက်ဧကပေါ်မူတည်၍ မျိုးစေ့ထုပ် အနည်းအများ ကွာခြားကြောင်းသိရှိရပါသည်။ကန်စွန်း(၁)ဧကကုန်ကျစရိတ်အနေဖြင့်(၄၀၀၀၀၀-၄၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်းသိရှိရပါသည်။ ကန်စွန်းစိုက်ပျိုးပြီး (၃-၄)ပတ်သားအချိန်တွင် ကန်စွန်းရွက်များစတင် ခူးဆွတ်ရောင်းချရကြောင်း၊ (၁)ဧကလျှင် ကန်စွန်းရွက်အစည်းပေါင်း(၂၅၀၀၀-၃၀၀၀၀) ခန့်အထိရရှိ ကြောင်း ၊ ကန်စွန်းရွက်(၁၀)စည်းပါ တစ်ထုံးလျှင် ဖောက်သည်စျေး(၃၀၀/-)ကျပ်ဖြင့် ရောင်းချရပြီး လက်လီအနေဖြင့် ကန်စွန်းရွက်(၁၀)စည်း တစ်ထုံးလျှင်(၅၀၀/-)ကျပ်ဖြင့်ပြန်လည်ရောင်းချကြောင်း သိရှိရပါသည်။အကျိုးအမြတ်အနေဖြင့် (၃၅၀၀၀၀-၄၅၀၀၀၀)ကျပ်ဝန်းကျင်ခန့်ရရှိကြောင်း၊ ကုန်စိမ်း ပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြောင်း ၊ ပွဲစားများမှတဆင့် အမြို့မြို့အနယ်နယ်ရှိ စျေးသည်များသို့ ပြန်လည်ရောင်းချပေးကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)