Main menu

“ခဝဲသီးဈေးနှုန်းများကျဆင်း”

Powered by Drupal

     ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် မိသားစု စားဝတ်နေရေးအတွက် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၎င်းသီးနှံများအနက် မိသားစု အပိုဝင်ငွေရရှိစေရန် ခဝဲသီးနှံကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည် ။ တောင်သူများသည် မိမိတို့စိုက်ခင်းမှ ထွက်ရှိသောသီးနှံများကို ‌ကျောက်ဆည်မြို့ပေါ်ရှိစျေးများသို့ ကိုယ်တိုင်လာရောက် ရောင်းချကြသလို ‌ဖောက်သည်ပေး၍ရောင်းချကြောင်း ၊  ခဝဲသီး‌ စျေးနှုန်းအနေဖြင့်  ယခင်လတွင် ဖောက်သည်စျေး တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ် ၊ လက်လီစျေး တစ်ပိဿာလျှင်(၃၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလ ပထမပတ်တွင် ဖောက်သည်စျေး တစ်ပိဿာလျှင် (၈၀၀/-) ကျပ် ၊ လက်လီစျေး တစ်ပိဿာလျှင်(၁၅၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး စျေးနှုန်းများကျဆင်းနေကြောင်း ကုန်စိမ်းရောင်းချသည့် စျေးသည်တစ်ဦးထံမှသိရှိရပါသည်။ ခဝဲသီး စားသုံးပေးခြင်းဖြင့် သွေးသန့်ပေးနိုင်ခြင်း၊ ဝမ်းမှန်စေခြင်း ၊အသားဝါရောဂါ ဖြစ်ပွားနိုင်ခြေလျော့နည်း စေခြင်း၊ ဆီချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်လျော့နည်းခြင်း ၊ ဝိတ်ကျဖို့ ကူညီနိုင်ခြင်း ၊ ရောင်ရမ်းမှု့ကို သက်သာစေခြင်း၊ ခုခံအားကောင်းစေခြင်း၊ အရေပြားကျန်းမာစေခြင်း၊အစာအိမ်ကူညီနိုင်ခြင်း စသည့် အကျိုးကျေးဇူးတို့ကိုရရှိစေပြီး ခဝဲသီးချိုချိုလေးကို ဟင်းရည်ချက်စားစား ၊ ဆီပြန်ချက်စားစား အရသာရှိသော ဟင်းတစ်ခွက်ဖြစ်‌ကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။

DOCA(မန္တလေး)