Main menu

“ခရမ်းသီး(အလုံးသေး)စိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်”

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ ကုန်စိမ်းသီးနှံ တစ်မျိုးဖြစ်သော ခရမ်းသီး(အလုံးသေး) သီးနှံကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံး စိုက်ပျိုးကြ ပါသည်။ အများဆုံးစိုက်ပျိုး သောကျေးရွာများမှာ သံချပ်ကုန်းကျေးရွာ ၊ ရွာပုလဲကျေးရွာ နှင့် အုတ်ဖို ကျေးရွာများဖြစ်ပါသည်။ ခရမ်းသီး(အလုံးသေး) စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး (၁)လခွဲသား အရွယ်တွင် စတင်စိုက်ပျိုးရကြောင်း ၂လခွဲ ၃လကျော် အချိန်တွင် စတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြား တစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှတစ်ပတ်နှင့်တစ်ပတ် အထွက်နှုန်းပိုမိုလာကြောင်း၊ (၁)ဧက အထွက်နှုန်း အနေဖြင့် တစ်ပတ်လျှင် ခရမ်းသီး(အလုံးသေး)  ပိဿာ(၂၅၀-၃၀၀)ခန့် ထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် (၄-၅)လခန့် အထိခူးဆွတ်နိုင်ကြောင်း ၊ (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း(၁၀၀၀၀၀၀/-)ကျပ်ကုန်ကျကြောင်း ၊ အထွက်နှုန်းအနေဖြင့်ပိဿာ(၂၃၀၀-၂၅၀၀)အထိထွက်ရှိကြောင်း၊ ယခုလက်ရှိခရမ်းသီး(အလုံးသေး) စျေးနှုန်းအနေဖြင့် ဖောက်သည်စျေးမှာ (၁)ပိဿာလျှင်(၁၀၀၀/-)ကျပ် ၊ လက်လီစျေး အနေဖြင့် (၁၅၀၀-၂၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်း များအထိ  လာရောက်ဝယ်ယူကြကြောင်း ၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ် အထွက်နှုန်းနှင့် စျေးနှုန်းများမတူညီကြောင်း၊(၁)ဧက အကျိုးအမြတ်အနေဖြင့် ပျမ်းမျှ(၁၅၀၀၀၀၀/-) ကျပ်ဝန်းကျင်မြတ်ကြောင်း ၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းများအထိလာရောက်ဝယ်ယူကြကြောင်း ၊ ပွဲစားများမှ တဆင့် ကျောက်ဆည် ၊ စဉ့်ကိုင် ၊ မန္တလေးနှင့်ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြ ကြောင်း၊ ခရမ်းသီး (အလုံးသေး)စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပြီး တွက်ချေကိုက်သော သီးနှံတစ်မျိုး ဖြစ်ကြောင်း ခရမ်းသီး(အလုံးသေး) စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြေကြားချက်အရ သိရှိရ ပါသည်။

DOCA(မန္တလေး)