Main menu

ခရမ်းချဉ်သီးဈေး တရိပ်ရိပ်ပြန်တက်

Powered by Drupal

    မန္တလေးဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးအမျိုးအစားများဖြစ်ကြသော  ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျက်ရှိပါသည်။ ခရမ်းချဉ်သီး (အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ အများဆုံးဝင်ရောက်လျှက်ရှိသည်။ ဖေဖော်ဝါရီလအတွင်း၌ ဗမာခရမ်းချဉ်သီးနှင့် ထိုင်ဝမ် ခရမ်းချဉ်သီးများ အပြိုင်ထွက် ပေါ်ခဲ့ပါသည်။ ဒေသအတွင်း ထိုင်ဝမ်ခရမ်းချဉ်သီးမျိုး များကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ဈေးကွက် အတွင်း၌ ခရမ်းချဉ်သီးရှမ်းသီး (ခေါ်)အင်းသီးတစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၁၀၀၀/၁၂၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိခဲ့ပါသည်။ စက်တင်ဘာ လဆန်းပိုင်း၌ ခရမ်းချဉ်သီးဈေးနှုန်းများကျဆင်းခဲ့ပြီး ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်)အင်းသီးတစ်ပိဿာ လျှင်(၁၂၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၈၀၀/၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်း ချလျက်ရှိခဲ့ပါသည်။ အောက်တိုဘာလတွင် ရောင်းချသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဈေးနှုန်း ပြန်လည်မြင့်တက်ခဲ့ပါသည်။ ယခု နိုဝင်ဘာလဆန်းပိုင်းတွင် ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်)အင်းသီးတစ်ပိဿာလျှင်(၂၀၀၀/၃၀၀၀)ကျပ်၊ ထိုင်ဝမ် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀/၂၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ခရမ်းချဉ်သီးဈေးများသည် အောက်တိုဘာလနှင့် ယခုနိုဝင်ဘာ လဆန်းပိုင်းဈေးနှုန်းနှိုင်းယှဉ်ချက်အရ ခရမ်းချဉ်သီးဈေးနှုန်းများ ပြန်လည်မြင့်တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

DOCA(မန္တလေး)