ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရာသီပေါ်သစ်သီးဝလံကို ရောင်းချသည့်အပြင် ဂေါ်ရခါးသီး နှင့် ဘူးသီးများကိုလည်း ရောင်းချလျက်ရှိပါသည်။ ဂေါ်ရခါးသီးကို မန္တလေးမြို့မှ သယ်ယူရောင်းချပြီး ဘူးသီးမှာ ရွှေဘိုမြို့နယ်မှ ထွက်ရှိသည့် ဒေသထွက်အသီးဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီးဈေးနှုန်းမှာ အရွယ်အစားအကြီးအသေးပေါ် မူတည်၍ (၁)လုံးလျှင် (၄၀ဝိ/-)ကျပ် မှ (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဘူးသီးဈေးနှုန်းမှာ အရွယ်အ စားအကြီးအသေးပေါ်မူတည်၍ (၁)လုံးလျှင် (၂၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဘူးသီးကိုမှု အလှူပွဲများ၊ ဆွမ်းကျွေးပွဲများနှင့် စတုဒီသာကျွေးမွေးပွဲများတွင် အများဆုံးအသုံးပြုကြကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
