
ရွှေဘိုမြို့အပြင် ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင် သီးနှံမျိုးစုံများရောင်းချလျက်ရှိရာ ကြက်ဟင်း ခါးသီးများကိုလည်းရောင်းချလျက်ရှိပါသည်။ ကြက်ဟင်းခါးသီးမှာ ထိုင်ဝမ်းသီးနှင့် တောကြက် ဟင်းခါးသီးဟူ၍(၂)မျိုးရှိကြောင်း၊ ကြက်ဟင်းခါးသီးကို မိမိတို့အိမ်များတွင် တစ်နိုင်တစ်ပိုင်အဖြစ် စိုက်ပျိုးကြပြီး ခြံများတွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ တောကြက်ဟင်းခါးသီးမှာအိမ်၏ ခြံစည်းရိုး များတွင်လည်းကောင်း၊ အချို့မှာ ဝါးစင်ထိုးကာ စိုက်ပျိုးကြကြောင်း၊ အပင်များတွင် ကပ်ပေါက်သည့် နွယ်ပင်တစ်မျိုးဖြစ်၍ တောကြက်ဟင်းခါးသီးများမှာ ဈေးဖက်ဝင်၍ စားသုံးသူများ မှာ ကြက်ဟင်းခါးသီးဆိုလျှင် တောကြက်ဟင်းခါးသီးကို အများဆုံး ဝယ်ယူကြကြောင်း၊ ကြက် ဟင်းခါးသီးများကို ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများ အပြင် ရေဉီးမြို့မှလည်း လာရောက် ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော ကြက်ဟင်း ခါးသီးဈေးနှုန်းများမှာ ထိုင်ဝမ်သီး (၁)ပိဿာလျှင် (၆၀၀ဝိ/-)ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး တော ကြက်ဟင်းခါးသီးကိုမှု နို့ဆီဗူးဖြင့် ရောင်းချကြောင်း၊ နို့ဆီဗူး (၁)ဗူးလျှင် (၈၀ဝိ/-)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိ ရပါသည်။
DOCA(စစ်ကိုင်း)
