Main menu

 အရောင်းသွက်သည့်ပဲယင်းကြီးစျေး

Powered by Drupal

     ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစား ဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု မှာ (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေး မှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲယင်း(နီ)၂၂၅၀၀၀ကျပ်နှင့် ၂၃၀၀၀၀ကျပ်၊ ပဲယင်း(ကြီး) ၂၂၀၀၀၀ ကျပ် နှင့် ၂၂၅၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲယင်း(နီ)၃၇၅၀ကျပ်နှင့် ၃၈၃၃ကျပ်၊ ပဲယင်း(ကြီး) ၃၆၆၇ကျပ် နှင့် ၃၇၅၀ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၃၅၀၀ ကျပ်နှင့် ၃၅၈၃ ကျပ်၊ပဲယင်း (ကြီး) ၃၄၁၇ကျပ်နှင့် ၃၅၀၀ကျပ်တို့ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါကတစ်ပိဿာလျှင် ပဲယင်း(ကြီး)မှာ ၂၅၀ကျပ် ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)