ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄- ၂၀၂၅ခုနှစ်မတ်ပဲ သီးနှံ စိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ် ပေါ်လျှက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ (ကျောက်စရစ်)၂၅၀၀၀၀ကျပ် နှင့် ၂၅၂၀၀၀ကျပ်၊မတ်ပဲ ၁၇၀၀၀၀ ကျပ်နှင့် ၂၂၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်) ၄၁၆၇ ကျပ်နှင့် ၄၂၀၀ ကျပ်၊ မတ်ပဲ ၂၈၃၃ ကျပ်နှင့် ၃၆၆၇ ကျပ်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ် ပိဿာစျေးမှာ မတ်ပဲ (ကောင်း) ၅၆၆၇ကျပ်နှင့် ၅၈၃၃ ကျပ်၊ မတ်ပဲ(ညံ့)၅၀၀၀ကျပ်နှင့် ၅၁၆၇ကျပ် တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲစျေး မှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
