စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက်သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ပြင်ဦးလွင်၊ မိုးကုတ်၊တကောင်း၊စဉ့်ကူး၊မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုးပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် အောက်တိုဘာ လ နောက်ဆုံးပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ) ၃၅၅၀၀၀ကျပ်နှင့် ၃၆၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၈၅၀၀၀၀ ကျပ်နှင့် ၈၇၀၀၀၀ ကျပ်၊ တစ် ပိဿာလျှင်စားတော်ပဲ (ကနေဒါ) ၅၉၉၂ကျပ်နှင့် ၆၀၇၆ကျပ်၊စားတော်ပဲ(ကျွန်း)၁၄၃၄၆ကျပ်နှင့် ၁၄၆၈၄ ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်ဈေးမှာ စားတော်ပဲ (ကနေဒါ)၉၁၉၈ ကျပ်နှင့် ၉၂၈၃ကျပ်၊စားတော်ပဲ(ကျွန်း) ၆၀၇၆ ကျပ်နှင့် ၆၅၈၂ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့် ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် စားတော်ပဲ (ကျွန်း) ၈၁၀၂ ကျပ်တို့စျေး ပိုမိုရရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
