
ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့အတွင်း ကျေးရွာများတွင် ကလားဝါးဥ (ခေါ်)ဝါးဥကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ယခုအချိန် အောက်တိုဘာလတွင် ဝါးဥရာသီချိန် ဖြစ်၍ ဝါးဥများစတင်ထွက်ရှိနေပြီး မြို့နယ်ဈေးကွက်အတွင်း ဝါးဥ တစ်ပိဿာလျှင် ငွေကျပ် (၅၀၀၀) ကျပ် ၊(၅၀)ကျပ်သား(၂၅၀၀)ကျပ်၊(၂၅)ကျပ်သား (၁၂၅၀) ကျပ်ဖြင့် ဈေးတွင် ရောင်းချလျှက် ရှိရာ စားသုံးသူများ ကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။
ဝါးဥသည် ပရိုတင်းဓာတ်နှင့် သန်ဓာတ်ကိုလည်း အားဖြည့်ပေးပါသည်။ ဝါးဥကိုစားသုံး ပေးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများကို ရရှိစေပါသည်။ ဝါးဥပင်ကို စိုက်ပျိုးရာတွင် တကူးတက စိုက်ပျိုးစရာ မလိုဘဲ ဝါးဥကို တူးဖော်စဉ်က အပင်တက်ထွက်ရာ ဝါးဥ၏ အမြီးပိုင်းကို လက်တစ်ဆစ်ခန့်ချိုး၍ တူးယူသောကျင်း၌ ပြန်လည်မြေဖို့၍ စိုက်ပျိုးခဲ့ပါသည်။ မိုးဦးကျမှသာ အပင်တက်များ ပြန်လည်ထွက် ပေါ်ခြင်းဖြင့် ဖြစ်ပါသည်။ အပင်အမြင့်မှာ (၃ - ၄) ပေခန့် အမြင့်ရှိပြီး မိုးအကုန်တူးဖော်ရာတွင် တစ်ပင်ကို ဥပွားများ (၃ - ၄) ဥပြန်လည်ထွက်ရှိပါသည်။
ဝါးဥသည် အထိအခိုက် အထားခံ၍ သယ်ရလွယ်ကူသောကြောင့် ဒေသမရွေးမှာပင်ဝယ်ယူ ရရှိနိုင်ပါသည်။ဓာတုဆေးဝါးလည်း ကင်းလွတ်သော အော်ဂဲနစ် သီးနှံလည်းဖြစ်၍ ရာသီပေါ် ကလားဝါးဥ (ခေါ်) ဝါးဥကို စားသုံးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
DOCA (ပဲခူး)
