
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း၌ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့ပါသည်။
လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း အရောင်းအဝယ်ပြုလုပ်လျက်ရှိသည့် အခြေခံ စားသောက်ကုန်များဖြစ်သော အသား၊ ငါးများကို ရန်ကုန်မြို့၊ တောင်ကြီးမြို့မှ လည်းကောင်း ဟင်းသီးဟင်းရွက်များကို ဒေသအတွင်းနှင့် ပင်လောင်းမြို့၊ အောင်ပန်းမြို့တို့မှလည်းကောင်း အများဆုံးမှာယူတင်သွင်း ရောင်းချလျက်ရှိပါသည်။ အခြားဒေသများမှ မှာယူရောင်းချရသည့် အသား၊ ငါးဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ အနည်းငယ် မြှင့်တက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဈေးနှုန်းမြင့်တက်ရခြင်းမှာ သယ်ယူစရိတ်အနည်း ငယ် ကြီးမြှင့်လာခြင်းကြောင့် ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေရပါကြောင်း သီရိမင်္ဂလာ ဈေးအတွင်း ဈေးရောင်းချနေသောသူများထံမှ သိရှိရပါသည်။
DOCA(ကယား)
