Main menu

ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ဗီယက်နမ် ST25 ဆန် တတိယအကြိမ် ရွေးချယ်ခံရ

Powered by Drupal

      ဗီယက်နမ် ST25 ဆန်သည် The Rice Trader အဖွဲ့အစည်းက နှစ်စဉ်ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဆန်ပြိုင်ပွဲတွင် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် တတိယအကြိမ် အနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။

     ယခုကဲ့သို့ အသိအမှတ်ပြုခံရခြင်းသည် အရည်အသွေးမြင့် ဆန်အမျိုးအစားအုပ်စုတွင် ဗီယက်နမ်ဆန်၏ ရပ်တည်မှုကို ထပ်လောင်းအတည်ပြုနိုင်ခဲ့ပြီး ဆယ်စုနှစ်ကြာ စမ်းသပ်ပြုလုပ်ခဲ့ သော သုတေသနဆောင်ရွက်ချက်များကို အထင်အရှားဖော်ပြလျက်ရှိကြောင်းသိရှိရပါသည်။

    နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဆန်ကုန်သွယ်မှု ညီလာခံတွင် အဆိုပါ ဆန်ပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ဗီယက်နမ် ST25 ဆန်သည် ယခုနှစ်၏ အကောင်းဆုံးထိပ်တန်းဆန်နေရာကို ကမ္ဘောဒီးယား၏ Phka Romdoul ဆန်အမျိုးအစားနှင့် ပူးတွဲ၍ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

    ST25 ဆန်သည် သုတေသနပညာရှင် H Quang Cua နှင့် ၎င်း၏အဖွဲ့က မဲခေါင်မြစ်ဝှမ်းတွင် ဆယ်စုနှစ်များစွာ စမ်းသပ်ပြုလုပ်ခဲ့ခြင်းမှ ထွက်ပေါ်လာသော ရလဒ် တစ်ခုဖြစ်ကြောင်း၊ ဆန်လုံး အရွယ်အစား ရှည်လျားခြင်း၊ ဆန်သားကြည်လင်ခြင်း၊ သဘာဝဆွမ်းမွှေးရွက်၏ ရနံ့ရှိခြင်း၊ ချက်ပြီး သည့်နောက် အေးသည့်အချိန်ထိ ဆန်သား၏ နူးညံ့ပျော့ပျောင်းမှုသည် ပြောင်းလဲသွားမှုမရှိခြင်း စသည့် ဝိသေသများကြောင့် လူကြိုက်များလျက်ရှိကြောင်း၊ အဆိုပါ ဆန်၏ ရနံ့အရည်အသွေးကို စားဖိုမှူးများ၊ အစားအသောက် ကျွမ်းကျင်သူများနှင့် အပြည်ပြည်ဆိုင်ရာ ဆန်အကဲဖြတ်ဒိုင်များက ကြိမ်ဖန်များစွာ ချီးမွမ်းထားကြောင်း သိရှိရပါသည်။

Source : Vietnam News, Nov 10, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)