Main menu

မြိတ်မြို့ပေါ်ရှိ‌ရောင်းချနေသော မာလကာသီးနှင့် ထောပတ်သီးဈေးနှုန်း

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် ပန်းသီး၊ ဇီးသီး၊ နဂါးမောက်သီး၊ မာလကာသီး၊သရက်သီး၊ ဌက်ပျောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွေးသီး၊ ပန်းသစ်တော်၊ လိုင်ချီးသီး၊ စိမ်းစားဥနှင့် အစရှိသည့်သီးနှံများကို မြိတ်မြို့ဈေးကြီးများနှင့် လမ်းဘေးသစ်သီးဆိုင်များတွင် ရောင်းချနေကြောင်း သိရှိရပါသည်။

      ၂၀၂၅ခုနှစ် နိုဝင်ဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ဈေးနှုန်းမှာ ထောပတ်သီးဈေးနှုန်း တစ်လုံးလျှင် (၁၅၀၀)ကျပ်နှင့် မာလကာသီးတစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)