Main menu

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာအုပ်စုရှိ ဒီဇယ်အင်ဂျင်(၆)လုံးထိုး စပါးအခြောက်ခံစက်အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာအုပ်စုရှိ ပိုင်ရှင်ဦးအေးမင်းမြတ်၏  ဒီဇယ်အင်ဂျင်(၆)လုံးထိုး စပါးအခြောက်ခံစက်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

        ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စပါးအခြောက်ခံစက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နေ့လျင် စပါးအခြောက်ခံစက် လည်ပတ်မှုအခြေအနေများနှင့် စပါးအခြောက်ထွက်ရှိမှုများ၊ မိုးရွာသွန်းမှုကြောင့် စပါးများ အခြောက်ခံရန်အတွက် အခက်အခဲမရှိစေရန် စပါးအခြောက်ခံစက်များဖြင့် စပါးအ၀ယ်ဒိုင်ဖွင့်လှစ် ၀ယ်ယူပေးနေမှုကြောင့် တောင်သူများ သင့်တင့်သည့် စပါးစျေးနှုန်းရရှိမှုများ၊ ဈေးကွက်သို့တင်ပို့မှုနှင့် ဈေးနှုန်းရရှိမှုအခြေအနေများအား မေးမြန်းခဲ့ရာ စပါးအခြောက်ခံစက်တာဝန်ခံက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ စပါးအခြောက်ခံစက်သည် တစ်နေ့လျှင်(၁၆)နာရီလည်ပတ်ကြောင်းသိရပြီး စပါးအခြောက် (၂၆၀၀)တင်း ထွက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)