Main menu

ပခုက္ကူမြို့၌ နိုဝင်ဘာလ(ပထမပတ်)တွင် ဖြစ်ပေါ်နေသော သံပုရာသီး ဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

    လူတို့သည် သံပုရာသီးကို နေ့စဉ်အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။ သံပုရာသီးကို ကျန်းမာရေးအရ အသုံးပြုသလို အသုပ်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ သံပုရာ သီးကို ပခုက္ကူမြို့အနီးတစ်ဝိုက်ရှိ ကျွန်းဦး၊ ကျွန်းညို၊ ကံလှကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မမြို့ ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

          သံပုရာပင်သည်နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးလျှင်ပင် နှစ်ရှည်ထိုင်၍ စားရ သောသီးနှံပင်ဖြစ်ပါသည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြ သလို စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ သံပုရာပင် တစ်ပင်လျှင်ထွက်ရှိသော ပျမ်းမျှအသီးနှုန်းမှာ (၇၀-၉၀)အထိ ထွက်ရှိကြောင်း သိရပါသည်။ ပခုက္ကူ ဈေးကွက်သို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြောင်းသိရပါသည်။ ပခုက္ကူ ဈေးကွက်တွင်ရောင်းချလျက်ရှိသော သံပုရာသီး ဈေးနှုန်းများအနေဖြင့် ယခုနိုဝင်ဘာလ(ပထမပတ်)တွင် ဆယ်လုံးလျှင် ကျပ်(၂၅၀၀)၊ တစ်လုံးလျှင် ကျပ်(၂၈၀)ဈေးဖြင့် ရောင်းချလျက်ရှိပြီး အောက်တိုဘာလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက တစ်လုံး လျှင် ကျပ်(၉၀)ခန့်  တက်နေကြောင်း၊ သံပုရာသီးများကို ပခုက္ကူဈေးကွက်မှတစ်ဆင့် မြို့ပေါ်ရှိ စားသောက်ဆိုင်များနှင့် ကုန်စိမ်းဈေးကွက်များသို့လည်း တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် သံပုရာသီးထွက်ပေါ်ချိန် ကုန်ဆုံးခါနီးကာလ ဖြစ်သောကြောင့်  ပိုမိုအရောင်း အဝယ်သွက်ကြောင်း ဈေးကွက်မှ သိရပါသည်။

DOCA(မကွေး)