Main menu

တောင်ကြီးလယ်ယာသီးနှံများမှ“ဒေသမျိုးရင်း(ဆူကာသီးခေါ်)ဂေါ်ရခါးသီးဈေးကွက်တွင်းမှာ ကြွယ်ဝစွာ”

Powered by Drupal

   လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းများ လှိုင်လှိုင်ပေါသည့် ဒေသထဲတွင် ပါဝင်သော ရှမ်းပြည်နယ်ရှိမြို့တော် တောင်ကြီးဒေသတစ်ဝိုက်နှင့် အောင်ပန်း ၊အင်းလေး ၊ ရွာငံ ဟဲဟိုး၊ဟိုပုန်းမြို့များတွင် ဤတွင် ဒေသထွက်သီးများ ထွက်ရှိသော ကာလ ပင်ဖြစ်သည်။      ရှမ်းပြည်နယ်မြို့တော်ဖြစ်သော တောင်ကြီးမြို့ ၊အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ် ၊အမှတ် ( ၅ ) ဈေးတွင် ရှမ်းပြည်ဒေသတွင်း စိုက်ပျိုးသီးနှံ အစားအစာများထဲမှ “ဆူကာသီး(ခေါ်) ဂေါ်ရခါးသီး” ဈေးကွက်မှာ ‌ဒေသထွက်ကုန်ဖြစ်သည့်အလျှောက်  စတင်ပေါများလျက်ရှိသည်။ ထို့ကြောင့်ရှမ်းပြည် ၏ ၅ ရက် ၁ ဈေးကို သွားရောက်လေ့လာရင်း ဒေသခံဈေးရောင်သူ တစ်ဦးနှင့်တောင်ကြီးဒေသထွက် ဆူကာသီး (ခေါ် )ဂေါ်ရခါးသီးဈေးကွက် အကြောင်းမေးမြန်း ခဲ့ပါသည်။

          ဒေသခေါ် ဆူကာသီးများဖြစ်သော ဂေါ်ရခါးသီးများမှာ အရွယ်အစားမကြီးသော်လည်း  ပိုချို ၍ပိုစားကောင်းသည်ဟုဒေသထွက်ဆူကာသီး(‌ခေါ်)ဂေါ်ရခါးသီးများ‌ ရောင်းချသူတစ်ဦးမှ ရှင်းပြချက် အရ သိရှိခဲ့ရပါသည်။ ထို့ကြောင့် ဒေသထွက်ဖြစ်သော ဆူကာသီး(‌ခေါ်)ဂေါ်ရခါးသီးများ‌ပိုမို အရောင်း သွက်လျက်ရှိကြောင်း သိရှိရသည်။

          ထိုဆူကာသီး(‌ခေါ်)ဂေါ်ရခါးသီးများ‌ ကို အကြီး ၁လုံး လျှင် ၂၀၀ ကျပ် မှ ၄၀၀ ကျပ် ဖြစ်ပြီး ဆယ်လုံး ၃၀၀၀ ကျပ် လျှင် အကြီးအသေးအလတ်ဆိုဒ်စုံ ၂၀၀ ကျပ်မှ  ၃၅၀ကျပ်ထိပါပေါက်ပြီး လက်ကားဈေးမှာ ၂၀ လုံးမှစ ၃၀၀၀ ကျပ် မှ ၄၀၀၀ ကျပ် အထိ အရောင်းသွက်လျှက်ရှိပြီး  အချို့နေရာဒေသပေါ်မူတည်၍ ပီနံအိတ်များဖြင့်လည်းရောင်းချလျက်ရှိကြောင်း ဆူကာသီး(‌ခေါ်) ဂေါ်ရခါးသီးများ‌ ရောင်းချသူထံမှ သိရှိခဲ့ရပါသည်။ 

DOCA(ရှမ်း)