Main menu

ထားဝယ်မြို့တွင် လူကြိုက်များသည့် ဂျပန်ပျားလိမ္မော်သီးစျေးနှုန်း/စျေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သစ်သီးဆိုင်များတွင် ရန်ကုန်၊မော်လမြိုင်မှ ဝင် ရောက်သည့် ဂျပန်ပျားလိမ္မော်သီးများ ရောင်းချလျက် ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမအပတ်အတွင်းတွင် ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ဂျပန် ပျားလိမ္မော်သီးစျေးနှုန်းမှာ(၁)ကီလိုလျှင် (၁၃၀၀၀) ကျပ်၊ ကီလိုတစ်ဝက်လျှင် (၆၅၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)