Main menu

“ ဈေးကွက်အတွင်း ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ ရောင်းချမှုအားကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာဈေးအတွင်းနှင့် ဈေးပြင်ပဆိုင်များတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ ရောင်းချနေမှုအခြေအနေအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ထိုင်းနိုင်ငံထုတ်ကုန်လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်၊ အိမ်သုံးကုန်ပစ္စည်းများ ရောင်းချသော စည်ပင်သာယာဈေးအတွင်းရှိ ဆိုင်ခန်းများနှင့် ဈေးပြင်ပစတိုးဆိုင်တွင် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ အခြေအနေနှင့် ယခင်ပတ်ရောင်းချဈေးနှုန်း ယခုပတ်ရောင်းချဈေးနှုန်းစာရင်းများအား ကောက်ယူစစ်ဆေးခဲ့ရာတွင် ထိုင်းနိုင်ငံထုတ်ကုန် ပစ္စည်းအများစုမှ ပစ္စည်းပြတ်လပ်မှုများရှိနေပြီး ဆိုင်များတွင် ကျန်ရှိနေသော လက်ကျန်ပစ္စည်း အနည်းငယ်ကိုသာ ရောင်းချလျက်ရှိပြီး ဈေးနှုန်းများမှာ ယခင်ပတ်နှင့် ယခုပတ်ဈေးနှုန်းများ ကွာ ခြားမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)