Main menu

“ သုံးခွမြို့နယ်အမက(၄)ကျောင်းတွင် အသိပညာပေးဟောပြောခြင်း”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်တင်မေလွင်သည် နိုဝင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် အမှတ်(၇)ရပ်ကွက်ရှိ အမက(၄) မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

         အဆိုပါ အသိပညာပေး ဟောပြောပွဲအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အရုပ်ပြပွဲတွင် အမက(၄) မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းနှင့် ကျောင်းသားကျောင်းသူများအား စားသုံးသူရေးရာဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်တင်မေလွင်မှ စားသုံးသူကာကွယ်ရေး အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူနှင့်လုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေစတင်အာဏာတည်သည့်နေ့နှင့် စားသုံးသူအခွင့်အရေးများအကြောင်း၊ စားသုံးသူနစ်နာဆုံး ရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များအား ရှင်းလင်းအသိပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များအား ဝယ်ယူခြင်းမပြုလုပ်ကြရန်နှင့် ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် ရွေးချယ်ဝယ်ယူတတ်စေရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ အသိပညာပေး ဟောပြောပွဲတွင် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၁၁၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)