
ထောပတ်သီးပင်သည်နှစ်ရှည်ပင်အမျိုးအစားအပင်ကြီးမျိုးဖြစ်၍စိုက်ပျိုးပြီးသုံးနှစ်ကြာမှအသီးများစတင်သီးကြောင်း၊မြန်မာနိုင်ငံတွင်ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် မြောက်ပိုင်း) မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်အဓိက စိုက်ပျိုးထွက်ရှိကြောင်းသိရှိရသည်။ ထောပတ်သီးများထွက်ပေါ်ချိန်မှာ အောက်တိုဘာလမှ ဇန်န ဝါရီလအထိဖြစ်ပြီး၊ မျိုးကွဲများအနေဖြင့်ဟာစ်(Hass)၊ဘေးကွန်(Bacon)၊ ဖွတ်(Fuerte)၊လမ် (Lamb Hass) စသည့်တို့ဖြစ်ကြောင်း၊ ထောပတ်သီးအခွံသည် အစိမ်းရင့်ရောင်ရှိပြီးအဆီဓာတ်ပိုများ၍ ဖောလစ်အက်ဆစ်၊ပိုတက်ဆီယမ်၊အမျှင်ဓာတ်၊များနှင့် Omega-3 ဓာတ် များပါဝင်ပြီး၊ သွေးပေါင်ချိန်ထိန်းချုပ်ရန်၊ ဝမ်းချုပ်မှုမှကာကွယ်ရန်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်ကာကင်ဆာနှင့် အဆစ်အမြစ်ရောင်ရမ်းမှုကိုကာကွယ်ပေးကြောင်း၊ ဗီတာမင်အီးကြွယ်ဝ သောကြောင့် အသားအရေကြည်လင်ပြီး နှလုံးကျန်းမာရေးကိုကောင်းမွန်ကြောင်း၊ အာရုံကြော လုပ်ဆောင်မှုနှင့် သွေးကြောများကျန်းမာခြင်းကိုအထောက်အကူပြုကြောင်း၊အမျှင်ဓာတ်ကြွယ်ဝ သောကြောင့်ဝမ်းချုပ်ခြင်းကိုကာကွယ်ပေး၍ ထောပတ်သီးတွင် အာဟာရဓာတ်များစွာပါဝင် ကြောင်းလေ့လာဖတ်ရှု့ရသည်။ ထောပတ်သီးဝယ်ယူလျှင် အညှာအောက်အစိမ်းရောင်ရှိပါက မှည့်ရန်အသီးဖြစ်ပြီးရွေးချယ်ဝယ်ယူသင့်ကြောင်း၊ အသီးကိုလက်ဖဝါးပေါ်တင်၍ ကိုင်ဆကြည့်ပါက အလေးချိန်ပါလျှင် ၎င်းထောပတ်သီးကို ရွေးချယ်ဝယ်ယူသင့်ကြောင်းသိရှိရပြီး၊ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသောထောပတ်သီးတစ်လုံးလျှင် ၇၀၀ ကျပ်မှ ၁၅၀၀ ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း သိရှိရသည်။
DOCA(မန္တလေး)
