Main menu

ဒေါ်သင်းသင်းခိုင် လက်လီစားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၆.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၁၅) နာရီအချိန်တွင် တိုက်ကြီးမြို့မဈေးရှိ ရုံ (၂၁)၊ အခန်း(၅၅)ရှိ ဒေါ်သင်းသင်းခိုင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးစည်ပင်ဝန်ထမ်းများမှ ပူးပေါင်းပါဝင်လျက် ဒေါ်သင်းသင်းခိုင်ဆိုင်သို့ ရောက်ရှိခဲ့ရာ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျအလှည့်ကျ အပိုင်းလိုက် နေ့စဉ်ဖြန့်ဖြူး ရောင်းချပေးပါကြောင်း၊ လက်ကားကိုယ်စားလှယ်များက သတ်မှတ်ပေးသောဈေးနှုန်းအတိုင်း ရောင်းချပေးပြီး အလေးချိန်ကိုလည်း ပြည့်ဝစွာချိန်တွယ်ပေးပါကြောင်း မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ သိုလှောင်ထားခြင်းများရှိခဲ့လျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)